စာဆိုဗိမာန်တည်ဆောက်မည့်မြေနေရာရှိ အဆောက်အအုံများ ရှင်းလင်းဖျက်သိမ်း ပြီးစီးမှုကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး


စာဆိုဗိမာန်တည်ဆောက်မည့်မြေနေရာရှိ အဆောက်အအုံများ ရှင်းလင်းဖျက်သိမ်း ပြီးစီးမှုကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဩဂုတ် ၂၄

ပြန်ကြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန်အဆောက်အအုံသုံးထပ် (RC) တည်ဆောက်မည့် မြေနေရာ၌  အဆောက်အအုံဟောင်းများ ရှင်းလင်းဖျက်သိမ်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက   စာဆိုဗိမာန်အဆောက်အအုံသုံးထပ် (RC) တည်ဆောက်မည့်မြေနေရာရှိ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက်နေမှုအပေါ် မလွတ်ကင်းသည့်အပင်များ ဖယ်ရှားရှင်းလင်းနိုင်ရေး

သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားပြီး စာပေဗိမာန် စာကြည့်တိုက်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ဆောင်ရွက်မည့် သုံးထပ်အဆောက်အအုံကို ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံ၌ ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်ရာ ရောက်စေမည့် စာဆိုဗိမာန်တစ်ခု အောင်မြင်စွာ ပေါ်ပေါက်ဖြစ်ထွန်း လာစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ စာပေအနုပညာဆိုင်ရာပုဂ္ဂိုလ်များနှင့်  ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်  ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင်  လမ်းညွှန်မှုပြုခဲ့သည့်အတွက် စာဆိုဗိမာန် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းကို  ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်စား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက် အဆောက်အအုံကို ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ မြေတိုင်းရပ်ကွက် (၁၈-အေ)၊ မြေကွက်အမှတ် (၂၉ ၏ တစ်စိတ်တစ်ဒေသ) အခမဲ့ မြေကွက်အမျိုးအစား ဖြစ်သော မြေဧက ၂ ဒသမ ၁၈ ဧက ပေါ်တွင်  တည်ဆောက်သွားမည်ဖြစ်သည်။

စာဆိုဗိမာန်အဆောက်အအုံ ဒီဇိုင်းပုံစံကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ရေးဆွဲပေးပြီး အဆောက်အအုံ၏   ခန့်မှန်းတန်ဖိုးကို အဆောက်အဦဦးစီးဌာနက တာဝန်ယူတွက်ချက်ပေးခဲ့သည်။

အဆိုပါ စာဆိုဗိမာန် တည်ဆောက်‌ရေး စီမံကိန်းကို အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီ အ‌ထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်ရန် ၁၈ – ၃-၂၀၂၄ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ စာဆိုဗိမာန် တည်ဆောက်ရေး စီမံကိန်း သဘောတူညီချက် (Project Agreement) ကို မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ တာဝန်ရှိသူတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

စာဆိုဗိမာန်အဆောက်အအုံသုံးထပ် (RC)  အကျယ်အဝန်းမှာ အလျား ပေ ၁၆ဝ x အနံ ပေ ၁၄၀ x အမြင့် ၅၇ ပေ ၈ လက်မ သုံးထပ် (RC) အဆောက်အအုံဖြစ်ပြီး  ၅၂၁၂၈ စတုရန်းပေဖြစ်သည်။   စာဆိုဗိမာန် တည်ဆောက်ရေးစီမံကိန်း တိုးတက်ပြီးစီးမှုကိုစောင့်ကြည့်ရန်   မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ တာဝန်ရှိသူများပါဝင်သည့် (Joint Project Monitoring Committee – JPMC) ကို အဖွဲ့ဝင် ၁၁ ဦးဖြင့်  ဖွဲ့စည်းထားရှိပြီးဖြစ်သည်။ 

စာဆိုဗိမာန်အဆောက်အအုံ တည်ဆောက်မည့်မြေနေရာနှင့် လွတ်ကင်းမှုမရှိသည့် အ‌ဆောက်အအုံဟောင်း လေးလုံးကို လေလံတင်ရောင်းချခဲ့ပြီး တင်ဒါအောင်မြင်သည့်အဖွဲ့က သတ်မှတ်ရက်အတိုင်း ဖျက်သိမ်းရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

စာဆိုဗိမာန် အဆောက်အအုံကိုနှစ်နှစ် စီမံကိန်းအဖြစ် သတ်မှတ်ပြီး စာဆိုဗိမာန် အဆောက်အအုံသုံးထပ်(RC) တည်ဆောက်ရေးအတွက်  ဈေးနှုန်းအဆိုပြုလွှာဖိတ်ခေါ်၍ တင်သွင်းလာခဲ့ရာ  ယင်းတင်သွင်းလာသည့်  ဈေးနှုန်းအဆိုပြုလွှာများကို  လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။  မကြာမီကာလတွင်  အဆိုပါ   စာဆိုဗိမာန်အဆောက်အအုံ

သုံးထပ် (RC) ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆောက်အအုံ တည်ဆောက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



Source link

Post a Comment

أحدث أقدم