(၁၃)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာ


 

(၁၃)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာ

ရန်ကုန်    ဩဂုတ်     ၂၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဘူရီယမ်မြို့၌  ဩဂုတ်လ  ၂၅  ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ  ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက် ၆  နာရီတွင်   ရန်ကုန်မြို့မှ  ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို    ကျောင်းပြင်ပနှင့်    တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဝင်း၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊  ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ရန်ကုန်တိုင်း အခြေခံပညာ ဦးစီးဌာန  တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါသွားကြသည်။

အဆိုပါအစည်းအဝေးကို “ဒစ်ဂျစ်တယ် ခေတ် ပညာရေးအသွင်ကူးပြောင်းရေး  ဟူသောခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ  တက်ရောက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ 



Source link

Post a Comment

Previous Post Next Post