တောင်လေးလုံးပျိုးဥယျာဉ်အတွင်း အင်းလေးကန်ရေဝေရေလဲထိန်းသိမ်းရေး စိုက်ခင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကြည့်ရှုစစ်ဆေး


တောင်လေးလုံးပျိုးဥယျာဉ်အတွင်း အင်းလေးကန်ရေဝေရေလဲထိန်းသိမ်းရေး စိုက်ခင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးခင်မောင်ရီသည်  ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ်ရှိ အင်ပြင်ပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးသည်။ 

ကြည့်ရှုစစ်ဆေးစဉ်    ပြည်ထောင်စုဝန်ကြီးက ကလောမြို့ကို ထင်းရှူးမြို့တော် ဖြစ်စေရေးအတွက် ထင်းရှူးစိုက်ခင်းများ တည်ထောင်ခြင်း၊ တစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာစိုက်ပျိုးခြင်းများ  အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်  မှာကြားကာ အင်ပြင်ပျိုးဥယျာဉ်အတွင်း သစ်မျိုး ရှစ်မျိုးဖြင့်  ပျိုးပင်   ၄၈၀၀၀  ကြိုတင် ပျိုးထောင်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက်       ကလောမြို့နယ်  အောင်ပန်းကြိုးဝိုင်းအတွင်းရှိ   ၂၀၂၄ ခုနှစ်   စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း ၆၅ ဧကနှင့် ၂၀၂၂ ခုနှစ် ကွက်လပ်ဖြည့် ထင်းရှူးစိုက်ခင်း ၂၂ ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ  မှာကြားသည်။

ဆက်လက်၍ ကလောမြို့နယ်  သီခေါင်တောင်ကြိုးပြင် ကာကွယ်တောအတွင်းရှိ   ၂၀၂၃ ခုနှစ် အာဆီယံလမ်းမကြီး ဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး    သစ်ပင်စိုက်ပျိုးခြင်း ၆ ဧကနှင့်   တစ်အုပ်တစ်မထင်းရှူးပင် ၃၂၀၀ ၏ ရှင်သန်အောင်မြင်မှုအခြေအနေကို လည်းကောင်း၊ ၂၀၂၃ ခုနှစ် ကွက်လပ်ဖြည့် ထင်းရှူးစိုက်ခင်း ၃၅ ဧကနှင့် ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း ၈၅ ဧက၏ ရှင်သန်မှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်  ဟဲဟိုးပျိုးဥယျာဉ်အတွင်း အာဆီယံ လမ်းဘေးဝဲယာ စိုက်ပျိုးခြင်း၊ အင်းလေးကန်စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးခြင်းနှင့် လူထုဖြန့် စိုက်ပျိုးခြင်းများအတွက် သစ်မျိုး ၁၅ မျိုးဖြင့်  ပျိုးပင် ၁၀၇၀၀၀ ပျိုးထောင်ထားရှိမှုကို   လည်းကောင်း၊

ဟဲဟိုး-ဘော်ဆိုင်းကားလမ်းတစ်လျှောက် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော  လမ်းဘေးဝဲယာထင်းရှူးပင် ၃၂၀၀၀ နှင့်  တောင်ကုန်းများ  မြေဆီလွှာတိုက်စားမှုကာကွယ်ရေးအတွက်   တစ်အုပ်တစ်မထင်းရှူးပင် ၂၁၆၀၀ ၏ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို လည်းကောင်း    လှည့်လည်ကြည့်ရှုစစ်ဆေးပြီး   စိုက်ပျိုးထားသည့် အပင်များ    ဆက်လက်ရှင်သန်ရေးနှင့် ရေရှည်တည်တံ့အောင်  ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။

ဆက်လက်၍     တောင်ကြီးမြို့နယ် တောင်လေးလုံး   ပျိုးဥယျာဉ်အတွင်း အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေး စိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်းအတွက် ပျိုးပင် ၂၄၀၀၀ ကြိုတင်ပျိုးထောင်ထားမှု အ‌ခြေအနေနှင့် အေးသာယာ Green Zone ပျိုးဥယျာဉ်အတွင်း တောင်ကြီးမြို့ ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်ရေးနှင့် ထီသိမ်ကန် ရေဝေရေလဲထိန်းသိမ်းရေးအတွက် ထင်းရှူးပျိုးပင် ၁၂၀၀၀ နှင့် အထူးပျိုးပင် ၃၉၄၀၀ ပျိုးထောင်ထားရှိမှုကို  ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။       



Source link

Post a Comment

Previous Post Next Post